လ - စက်တင်ဘာ 2014

အံ့ဖွယ်ပေးစာတစ်စောင်

တစ်ခါတစ်ရံတွင် ကျွန်တော်တို့ဇနီး မောင်နှံသည် စာတိုက်ပုံးမှ စာတစ်လုံးတစ်ပါဒမှ ရေးမထားသောစာကို လက်ခံရရှိသည်။ စာအိတ် ထဲရှိစာတွင် အရောင်စုံ ရေးခြစ်ထားသော ခြစ်ရာ များမှလွဲ၍ မည်သည့်စာလုံးမှမပါပါ။ ထိုစာက အခြား ပြည်နယ်တစ်ခု၌ နေထိုင်သောမူကြိုအရွယ် မြေးမလေးကေတီ ပို့လိုက်သောစာဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့၏ နှလုံးသားကို နွေးထွေးစေသည်။ စာတစ်လုံးမှ ရေးမထားသော်လည်း သူ ကျွန်တော် တို့ကိုချစ်ကြောင်း ကျွန်တော်တို့အကြောင်းတွေးပြီး သတိရနေကြောင်း ဤစာများက ပြောနေပါသည်။
ကျွန်ုပ်တို့ချစ်သောသူ၊ ကျွန်ုပ်တို့ကို ချစ်သောသူများထံမှ စာများကို ကျွန်ုပ်တို့ အားလုံး နှစ်သက်ကြသည်။ ထိုကြောင့် ကောင်းကင်ဘုံရှင်အဖ ခမည်းတော်က သမ္မာကျမ်းစာဟု ခေါ်သော စာတစ်စောင်ရေးပေးသည့်အတွက် ပို၍ အားရကျေနပ်ဖွယ် ကောင်းလှပါသည်။ သမ္မာကျမ်းစာ၏တန်ဖိုးမှာ စာထဲမှစကားလုံးများ၏ တန်ခိုး၊ စိန်ခေါ်မှု၊ ဥာဏ်ပညာထက် သာလွန်ပါသည်။ အကြောင်းအရာ အဖြစ်အပျက်များ၊ သွန်သင်မှုများ၊ လမ်းညွှန်မှုများအလယ်တွင် ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်ကြောင်း၊…

ပိုစမ်ဝက်ဝံလေး၏ ဟန်ဆောင်မှု

ပိုစမ် ၀က်ဝံလေးများသည် သေချင် ယောင်ဆောင်တတ်သည်ဟု  ကျော်ကြားသည်။ ထိုသို့ သေချင်ယောင်ဆောင်စဉ် ၎င်း၏ခန္ဓာ ကိုယ်မှာ ပျော့ခွေသွားကာ လျှာထွက်လာပြီး နှလုံးခုန်နှုန်း နှေးသွားသည်။  (၁၅)မိနစ်ခန့် အကြာတွင် ထိုအကောင်လေးက ပြန်ရှင်ကာ ထလာတော့သည်။ စိတ်ဝင်စားဖွယ်ပင်။   ပိုစမ် ၀က်ဝံများသည် သားရဲတိရိ စ္ဆာန်ကြီးများ၏ ရန်ကို ရှောင်တိမ်းရန် တမင် သေချင်ယောင်ဆောင်ကြ ခြင်းဖြစ်သည်ဟု တိရိ စ္ဆာန်အကြောင်း ကျွမ်းကျင်သူ များက လက်မခံပါ။ ၎င်းတို့သည် အလွန်အမင်း စိတ်လှုပ်ရှားပြီး စိုးရိမ်တုန်လှုပ်ခြောက်ခြားပါက အလိုလိုသတိမေ့သွားသည်။
ရှောလုမင်းသည်လည်း သူ၏ဘုရင့်သက်တမ်းကုန်ခါနီးအချိန်တွင် အန္တရာယ် ကြုံရသောအခါ ထိုနည်းတူတုံ့ပြန်ခဲ့သည်။ “ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲ နေ၍ ... အလွန်ကြောက်ရွံ့၏။ တစ်နေ့နှင့်တစ်ညဥ့်လုံး အဘယ်အစာကိုမျှမစားဘဲ နေသောကြောင့် အားကုန်ပြီ” (၁ ရာ ၂၈း၂၀)။ နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့ ဣသရေလ တို့ကို…

ဘာကို စိုက်မလဲ

ကျွန်မတက်ခဲ့သော တက္ကသိုလ်၏ နာရီစင်ထိပ်တွင် “မျိုးကြဲသူ ” ဟု ကမ္ဗည်းထိုးထား သော အနုပညာလက်ရာမြောက်သည့် ရုပ်တုတစ်ခု ရှိသည်။ ရုပ်ထုအောက်ခြေတွင် ဂလာတိ ၆း၇ မှ “လူသည် မျိုးစေ့ကြဲသည်အတိုင်း ” ဟူသည့် ကျမ်းစာသားကို ရေးထိုးထားသည်။ မီရှီဂန် ပြည်နယ်တက္ကသိုလ်မှာ စိုက်ပျိုးရေး သုတေသန လုပ်ငန်း၌ ထိပ်ဆုံးတွင် ဦးဆောင်နေသော်လည်း၊  လယ်ယာစိုက်ပျိုးရေး နည်းပညာနှင့် ကောက်နှံ ထုတ်လုပ်မှုတို့ မည်မျှပင် ဖွံ့ဖြိုးတိုးတက်နေလည်း “ပြောင်းစေ့မှပဲများသီးအောင်မလုပ်နိုင်သေးပါ”။
ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ပြောကြားရှင်းပြရာတွင် သခင်ယေရှု သည် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဥပမာအလင်္ကာများစွာကို အသုံးပြုခဲ့သည်။ မျိုးကြဲသူ ဥပမာတွင် (မာ ၄)  ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကွဲပြားသောမြေ အမျိုးမျိုးပေါ်သို့ ကျသောမျိုးစေ့နှင့် ခိုင်းနှိုင်းထားပါသည်။ ပုံဥပမာတွင် ဖော်ပြထားသည့် အတိုင်း မျိုးကြဲသူက အပင်ပေါက်လာမည်မဟုတ်သည့် မြေပေါ်သို့ အစေ့အချို့ကျမည်ကို သိထားနှင့်လည်း…

သခင်၌ ဘုန်းတော်တိုးစေ ကျွန်ုပ်၌ နည်းစေ

အသင်းတော်တစ်ခု၏ သင်းအုပ်အဖြစ် စပြီး အမှုတော်ထမ်းဆောင်စက သမီးဖြစ်သူ လစ်ဘီက ကျွန်တော့်အား “ဖေဖေ သမီးတို့တွေက နာမည်ကျော်တွေလား ” ဟုမေးခဲ့သည်။ ကျွန်တော် က “နာမည်ကျော်တွေမဟုတ်ပါဘူး” ဟုပြန်ဖြေ သော် သူက ခဏလေး စဉ်းစားလိုက်ပြီးမှ “ဒါဆို သမီးတို့အကြောင်းကို လူတွေပို ပိုသိလာရင် ကျော်ကြားမှာပေါ့” ဟု မကျေမနပ်ပြောခဲ့ပါသည်။
သနားစရာ လစ်ဘီလေးပါ။ ခုနှစ်နှစ် အရွယ်မျှသာရှိသေးသော်လည်း မည်သူက ကျွန်ုပ် တို့ကို အသိအမှတ်ပြုလဲ၊ ကိုယ်ရထိုက်သည်ဟု တွေးထားသည့် အသိအမှတ်ပြုမှုကို ကျွန်ုပ်တို့ရပြီလား စသည်ဖြင့် ဘ၀တစ်လျှောက် လူအများစုက ရုန်းကန် ရင်ဆိုင်ရသည့်အမှုနှင့် သူလည်း ရုန်းကန် ရပြီ။
ကျွန်ုပ်တို့ အဓိက အာရုံပြုရမည့် သခင် ယေရှုနေရာကို အသိအမှတ်ပြုခံလိုသည့်ဆန္ဒဖြင့် အစားထိုးခြင်းမဟုတ်ပါက ပြဿနာ မရှိပါ။ သို့သော် မိမိ၏အမှုအရာ၌သာ စီးမျောအာရုံစိုက်နေခြင်းက ကိုယ်တော်ကို အဓိကနေရာမှ ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။
အသက်တာ၌…

ကျွန်ုပ်ကို သီချင်းဆိုခွင့်ပေးပါ

ကျွန်တော့် သူငယ်ချင်းကို သူ့မိခင် နေကောင်းရဲ့လားဟုမေးရာ သူက မိခင်ကြီးမှာ ဦးနှောက်ထိခိုက်မှုဒဏ်ကြောင့် နာမည်များစွာနှင့် အတိတ်မှ ဖြစ်ရပ်တို့ကို မေ့ကုန်ကြောင်း၊ “ဒါပေမဲ့ စန္ဒရားရှေ့ထိုင်ပြီး ဂီတသံပုံစာရွက်မပါဘဲ ဓမ္မတေး သီချင်းတွေကို ကောင်းကောင်း အလွတ်တီးနိုင်တုန်းပဲ” ဟုဆက်ပြောသည်။
လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)က ပလေတို နှင့် အရစ်စတိုတယ် တို့က နှစ်သိမ့်စောင်မမှု ဖြစ်စေသော၊ ရောဂါသက်သာ ပျောက်ကင်းစေသော ဂီတအစွမ်းအကြောင်းကို ရေးသားခဲ့သည်။ သို့သော် ဂီတအစွမ်းအကြောင်း ပလေတိုတို့၏ မရေးသားမီ ရာစုနှစ်များစွာကတည်း ကပင် သမ္မာကျမ်းစာမှတ်တမ်းက သီချင်းများဖြင့် စီးဝင် ပျော်ဝင်ပြီးသားပါ။
ရှေးဦးစွာ “စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သူအပေါင်းတို့၏အဘ ဆရာယုဗလ” (က ၄း၂၁)ဟုဖော်ပြချက်မှအစ “ဘုရားသခင်၏ ကျွန်မောရှေ၏သီချင်းနှင့် သိုးသူငယ်၏ သီချင်းကိုသီဆိုသူ ” တို့အထိ (ဗျာ ၁၅း၃)၊ သမ္မာကျမ်းစာ၏ စာမျက်နှာများမှာ ဂီတသံများဖြင့် မြည်ဟီးနေသည်။ ဆာလံကျမ်းကို…

ကိုယ်တော်နှင့်အတူထာဝရ

(၁၈၅၉)ခုနှစ် အခြေအနေ ရှုပ်ထွေးကာ သဘောထား ကွဲလွဲနေချိန် အမေရိကန် ပြည်တွင်း စစ်ကြိုကာလအတွင်း  သမ္မတ အေဘရာဟံ လင်ကွန်း မှာ ၀စ်ကွန်စင်ပြည်နယ် မီလ်ဝါးကီမြို့ရှိ တောင်သူလယ်သမားများအား မိန့်ခွန်းပြောကြား ရန် အခွင့်အရေး ရခဲ့သည်။ မိန့်ခွန်းပြောကြားရာ၌ သမ္မတကြီးက “အခြေအနေတိုင်း၌ အမြဲတမ်း မှန်ကန်ပြီး သင့်လျော်အဆင်ပြေမည့် ၀ါကျ တစ်ကြောင်း” လိုက်ရှာသည့် ရှေးမင်းမျိုးမင်းနွယ် တစ်ဦးအကြောင်း ပုံပြင်ကိုပြောပြခဲ့သည်။ သူ၏ ပညာရှိများက ဤခေါင်းစားလှသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရပြီး အဆုံး၌ “ဤအရာသည်လည်း လွန်သွား ကွယ်ပျောက်လိမ့်မည် ” ဟူသောဝါကျကို ပေးခဲ့သည်။ တရွေ့ရွေ့နှင့် ဆိုးသထက်ဆိုးလာ သည့် လက်ရှိကျွန်ုပ်တို့၏ကမ္ဘာကြီး၌ ဤအချက်က အကြွင်းမဲ့မှန်ကန်ပေ၏။ ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာကြီးတွင်သာမက ရေတွက်သတ်မှတ်ပြီးသားဖြစ်သည့် ကျွန်ုပ်တို့၏ ဘ၀တွင်လည်း ဤအမှန်တရားကို တွေ့ကြုံရသည်။ ရှင်ယာကုပ်က “သင်တို့ အသက်သည်…

ဟောင်သောခြင်္သေ့

တိရိစ္ဆာန်ရုံရှိ “အာဖရိက ခြင်္သေ့” က မဟိန်းဘဲ ဟောင်နေခြင်းကြောင့် သွားရောက် ကြည့်ရှုလည်ပတ်သူများ အလွန်အံ့သြသွားသည်။ တိရိစ္ဆာန်ရုံဝန်ထမ်းများက  ခြင်္သေ့အစစ်ကို မ၀ယ် နိုင်၍ တိဗက်ခွေး အကောင်ကြီးမျိုးကို ခြင်္သေ့ ကဲ့သို့ ရုပ်ဖျက်ထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ပြောနေစရာပင်မလို၊ တိရိစ္ဆာန်ရုံ၏နံမည်ပျက်မည် မလွဲပါ။ တိရိစ္ဆာန်ရုံသို့ သွားလည်သင့် မသင့် လူတို့ အကြိမ်ကြိမ် စဉ်းစားကြမည်ပင်။
ဂုဏ်အသရေ ဆိုသည်က ထိခိုက် ပျက်စီးလွယ်သည်။ တစ်ကြိမ်နံမည်ပျက်ဖူးလျှင် ပြန်ကောင်းလာရန် ခဲယဉ်းသည်။ တန်ခိုးအာဏာ၊ အဆင့်အတန်း၊ အကျိုးအမြတ် စသည့်ပလ္လင်ထက်တွင် မိမိ၏ကောင်းသတင်းအသရေကို လူတို့စတေးကြခြင်းက အဆန်းမဟုတ်တော့ပါ။ ကျွန်ုပ်တို့၏သမိုင်းလည်း ထိုသို့ဖြစ်နိုင် သည်။ “ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏” ဟု ကျမ်းစာက တိုက်တွန်းထားသည် (သု ၂၂း၁)။ မိမိ၏ပိုင်ဆိုင်မှုစည်းစိမ်အားဖြင့် မဟုတ်ဘဲ၊ မိမိသည် မည်ကဲ့သို့သောသူဖြစ်သည်ဟူသည့်  မိမိ၏ဖြစ်တည်မှုအပေါ်၌သာ စစ်မှန်သောတန်ဖိုးကို ထားရှိရမည်ဟု…

ရှေ့ဆက်သွားရန် မျှော်လင့်ခြင်း

ဆိုလာစွမ်းအင်သုံး လေယာဉ်ပျံသည်  လောင်စာစက်သုံးဆီ မလိုဘဲ နေ့ရော ညပါ ပျံသန်း နိုင်သည်။ တီထွင်သူ ဘာထြန် ပိကာ့ဒ် (Bertrand Piccard)နှင့် အင်ဒရီ ဘော့ခ်ျဘာ့ဂ် (Andre Borschberg)တို့က ၂၀၁၅ ခုနှစ်တွင် ကမ္ဘာကို ပတ်၍ ပျံသန်းနိုင်မည်ဟု  မျှော်လင့်ထားကြသည်။ နေရောင်ခြည်စွမ်းအားဖြင့် တစ်နေကုန်လေယာဉ် ပျံသန်းစဉ် ညအချိန်၌ ပျံသန်းရန် လိုအပ်သော စွမ်းအင်ကို တစ်ချိန်တည်းမှာ လုံလောက်စွာ စုဆောင်းပေးသွားသည်။ “နောက်တစ်နေ့ နေထွက်ချိန်မှာ ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ခြင်း ယူဆောင်လာပေးတယ်” ဟု ပိကာ့ဒ် ကပြောသည်။
နေထွက်လာချိန်တွင်  မျှော်လင့်ခြင်း ယူဆောင်လာပေးသည် ဆိုသောအချက်က ယနေ့ ဖတ်ရန် ကျမ်းပိုဒ်ဖြစ်သော ယေရမိမြည်တမ်း စကား (၃) ကို ဆင်ခြင်မိစေသည်။ “အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။ ထာဝရဘုရား သည်…

အသိအမှတ်လေးပင် မပြု

ယာဉ်ကြောက ကြပ်လွန်းလှသည်။ နေ့လည်ခင်း အပူရှိန်ကြောင့် လူတိုင်း စိတ်မရှည် နိုင်ဖြစ်နေသည်။  စားသောက်ဆိုင် ယာဉ်ကြောမှ လူငယ်နှစ်ဦးပါသည့်ကားက လမ်းမကြီးထဲဝင်ရန် စောင့်ဆိုင်းနေသည်။ ကျွန်တော့်အရှေ့ရှိ ကားက ထိုလူငယ်တို့၏ကားကို ယာဉ်ကြောပေးလိုက်သည့် အတွက် “ကောင်းလိုက်တာ” ဟု တွေးမိသည်။
သို့သော် ထို “သဘောကောင်းသည့် ယာဉ်မောင်း”က ခေါင်းညိတ်လက်ပြပြီး အသိမှတ်ပြု မခံရသည့်အခါ ရုပ်ဆိုး အကျည်းတန်သည့်ဖက်သို့ ပြောင်းသွားသည်။ ပထမတွင် ကားပြတင်းမှန်ချကာ သူလမ်းပေးလိုက်သည့်ကားကို လှမ်းအော်သည်။ ထို့နောက် သူ့ကားကို အရှိန်အမြင့်ဆုံးတင်ပြီး ထို ကားကို ၀င်ကြုံးမည့်အလား တစ်ရှိန်ထိုးမောင်းကာ  ဟွန်းတီးရင်း အော်ဟစ်ကြိမ်းမောင်းရင်း သူ့ဒေါသကို တရစပ်သွန်ချလိုက်သည်။
မည်သူက “ပိုပြီးမှား” သနည်း။ ကျေးဇူးကိုမသိတတ်သည့် လူငယ်များကြောင့် သဘောကောင်းသည့် ယာဉ်မောင်းက ဒေါသဖြင့်တုံ့ပြန်မိသည်ဟု စောဒကတတ်ရမည် လား။ သူ့ကိုကျေးဇူးတင်သင့်ပါသလား။
သခင်ယေရှု ပျောက်ကင်းချမ်းသာပေးလိုက်သည့် လူနူ(၁၀)ဦးမှာ ကိုယ်တော့်ကို…

ကျွန်ုပ်ကို မမေ့လျော့ပါ

ဘယ်အချိန်မဆို စောင့်ဆိုင်းရသည့် အမှုမှာ ခက်ခဲပါသည်။  နေ့လရက်တို့ ကုန်လွန် သွားသည့်တိုင် ကျွန်ုပ်တို့၏ဆုတောင်းများလည်း အဖြေမရ၊ ဘုရားသခင် ကျွန်ုပ်တို့ကို မေ့လျော့ သွားပြီဟု လွယ်လင့်တကူ ခံစားရတတ်သည်။ နေ့အချိန်ကိုဖြင့် လုပ်စရာများလုပ်ရင်း ရုန်းကန် ကျော်ဖြတ်သွားနိုင်သော်လည်း ညအချိန်၌ပူပန်စရာ အတွေးများနှင့် ရင်ဆိုင်ရသည်မှာ နှစ်ဆခက်သည်။  စိုးရိမ်ပူပန်စရာများ ကြီးမားလှပြီး ညအမှောင် ကလည်း မဆုံးနိုင်တော့ပြီ။ လုံးဝပူပန်နေခြင်းက  နေ့သစ်ကို ရင်ဆိုင်ကျော်လွှားရန် မဖြစ်နိုင်ပြီဟု အတွေးဝင်စေသည်။
ဆာလံဆရာလည်း စောင့်ဆိုင်းရင်း ပူပင်စရာများ များလာသည် (ဆာ ၁၃း၁)။ သူ့ ရန်သူများက အထက်စီးမှအနိုင်ရနေသယောင် (း၂)။ ခက်ခဲသည့် အခြေအနေများကို ဖြေရှင်းပေးရန် (သို့) ထပ်တလဲလဲ တောင်းလျှောက်နေသည့် ဆုတောင်းချက်အဖြေရရန် ဘုရားသခင်ကို စောင့်ဆိုင်းနေရစဉ် အလွယ်တကူပင် စိတ်အားလျော့တတ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့ကို မေ့လျော့သွားပြီ။ စိုးရိမ်ပူပန်စရာများလည်း ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်…